Saturday, September 27, 2008

cryptography အကြောင်း တစေ့တစောင်း

နားလည်နိုင်အောင် လျှို့ ဝှက်သော စာလုံးများ သင်္ကေတများနဲ့ ရေးထားတဲ့ နည်းပညာ (cryptography) ကို ကျွန်မကျောင်းမှာသင်ရတည်းက စိတ်ဝင်စားမိခဲ့တယ် ။ အင်ဂျင်နီယာပိုင်းအရ အဲဒီနည်းပညာကို အောက်ပါအတိုင်း အတိအကျ အဓိပ္ပ္ပါယ် ဖွင့်ဆိုပါတယ် [1] - -

The study of ways to disguise messages so as to avert unauthorized interception is called cryptography.

အဲဒီနည်းပညာကို ဆက်သွယ်ရေး (communications) ပိုင်းအတွက် အဓိကထား သုံးကြပါတယ် ။ အထူးသဖြင့် စစ်အတွင်းမှာ ဆက်သွယ်ကြတဲ့အခါမျိုးမှာ ပေးပို့လိုက်တဲ့ မက်စေ့ခ်ျကို ရန်သူဘက်ကနေ ဖြတ်ယူနိုင်လိုက်ရင် ၊ ဆိုလိုချင်တာတွေ မသိအောင် လုပ်တဲ့နေရာတွေမှာ အလွန်အရေးပါပါတယ် ။ ခုနောက်ပိုင်းခေတ်မှာတော့ နေ့စဉ် commercial world က နေရာတိုင်းလိုလိုမှာ (ဥပမာ - ကျွန်မတို့ နေ့စဉ်ရေးနေတဲ့ အီးမေးလ်တွေ ဘာတွေမှာတောင်) လုံခြုံရေးအတွက် လိုအပ်သလို သုံးစွဲလာကြပါတယ် ။ ဒီပို့စ်မှာတော့ ဆက်သွယ်ရေးပိုင်းကနေပဲ အဓိကထား ကြည့်ပါမယ် ။ ဒီနည်းပညာ ပေါ်ပေါက်လာရတဲ့ အဓိက အကြောင်းရင်း အချက်နှစ်ချက်ကတော့ - -

(၁) the need for privacy or for preventing eavesdropping (ကိုယ့်ကိစ္စ သူများဘေးကနေ ခိုးမသိနိုင်အောင်)

(၂) the need for authentication or for preventing spoofing (မက်စေ့ခ်ျကို ကြားကနေ ဖြတ် ၊ မူရင်းမက်စေ့ခ်ျကို လွဲမှားသွားအောင် အကြောင်းအရာ လျှောက်ထည့်တာမျိုး)

ဒီနည်းပညာကိုသုံးတဲ့နေရာကိုကြည့်မယ်ဆိုရင် ဆက်သွယ်ရေးပိုင်းတွေမှာ အဓိကရှိတဲ့ အပိုင်းသုံးပိုင်းဖြစ်တဲ့အပြင် ၊ ပို့လိုက်တဲ့ လျှို့ ဝှက်စာတွေကို ဖော်ထုတ်နိုင်မယ့် ကီး (key) ဆိုတာလည်း ပါဝင်ပါတယ် - -

(1) Sender (in this case is known as Encipher)
(2) Receiver (in this case is known as Decipher)
(3) Channel (ပို့သူ နဲ့ လက်ခံရရှိသူကြား ရှိတဲ့လိုင်း - အဓိကဥပမာကတော့ လေလှိုင်း)
(4) Key

အဲဒီအပိုင်းလေးပိုင်း ဘယ်လိုလုပ်ကြလဲဆိုတာ ဥပမာပေးရရင်တော့ ... လူတယောက် (sender/ encipher) ဟာ တစုံတရာကို ပေးပို့ချင်တဲ့အခါ အဲဒီအရာကို သေတ္တာတခုထဲထည့် သော့ (key) ပိတ်လိုက်တယ်ဆိုပါဆို့ ။ အဲဒီသေတ္တာထဲ သူဘာထည့်လိုက်တယ်ဆိုတာ အဲဒီသေတ္တာကို သွားပို့ပေးမယ့်သူ (channel) က လုံးဝမသိဘူး ။ သွားပို့ပေးသူမြင်တာက သေတ္တာတလုံးပဲ ။ အဲဒီသေတ္တာထဲ ဘာရှိလည်းဆိုတာ သိနိုင်ဖို့ သော့ဖွင့်ကြည့်မှရမယ် ။ အဲဒီသော့ကလည်း လက်ခံရရှိမယ့်သူ (receiver/ decipher) ဆီမှာပဲ ရှိတယ် ။

နောက် Digital Fortress By Dan Brown (Page 16) ထဲမှာပေးထားတဲ့ ဥပမာ တခုကတော့ - -

HL FKZC VD LDS
LD SNN

အဲဒီနှစ်ကြောင်းကို ဒီအတိုင်းဖတ်မယ်ဆို အဓိပ္ပါယ်ဘာမှမရှိသလိုပါပဲ ။ ဒါပေမယ့် အဲဒီစာကြောင်းမှာရှိတဲ့ စကားလုံးတိုင်းကို အဲဒီစကားလုံးမတိုင်ခင်က စကားလုံးနဲ့ အစားထိုးကြည့်လိုက်မယ်ဆိုရင် ၊ အောက်ပါအတိုင်းပေါ်လာပါမယ် ။

IM GLAD WE MET
ME TOO

ဒီတော့ အဲလို စကားလုံးတိုင်းကို တခြားစကားလုံးနဲ့အစားထိုးရမယ်ဆိုတာက ကီး ပါပဲ ။ အဲဒီ ကီး မရှိခဲ့ရင်လည်း အထက်ပါစာကြောင်းကို စကားလုံးတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်ကြည့် ၊ နည်းအမျိုးမျိုး ကြိုးစားကြည့်ပြီး နောက်ဆုံး မှန်တဲ့ ကီး ကို ရှာတွေ့ သွားနိုင်ပါတယ် ။ ဒီဥပမာမှာဆိုရင် အင်္ဂလိပ်စကားလုံး ၂၆ လုံးရှိတဲ့အတွက် ၂၆ ခါ ကြိုးစားရမယ်လို့ ယေဘူယျ သတ်မှတ်ပါတယ် ။ အဲလို trial-and-error guessing method (တခုနဲ့ လုပ်ကြည့်လိုက် ၊ မရရင် နောက်တခုနဲ့ လုပ်လိုက်) ကို သုံးတဲ့အခါ brute force attack (အတင်းဓမ္မ ရှာဖွေခြင်း / တိုက်ခိုက်ခြင်း) လို့ ခေါ်ပါတယ် ။

အဲဒီနည်းဟာ သင်္ချာပိုင်းကနေကြည့်မယ်ဆိုရင် ရာခိုင်နှုန်းပြည့် အောင်မြင်မယ့် နည်းလမ်းပါပဲ ။ ဘာလို့လဲဆိုတော့ ကီး တခုဟာ ဂဏန်း ၅လုံးပါခဲ့မယ်ဆိုရင် ၀၀၀၀၀ - ၉၉၉၉၉ ကြားက combination အမျိုးမျိုးကို ကြိုးစားမယ်ဆိုရင် ၊ အဲဒီ combination တွေထဲက တခုမဟုတ် တခုကတော့ ကီး ဖြစ်နေမှာပါပဲ ။ အဲဒီတော့ ကီး က ဂဏန်းများလာလေလေ ၊ စစ်ကြည့်ရမယ့် combination တွေ များလာလေလေ ၊ ဒါကြောင့် အဲဒီ ကီး ကို ခန့်မှန်းရဖို့ ခက်လေလေဖြစ်ပါတယ် ။

ဒါကြောင့် ခုခေတ်မှာ password တွေ ရွေးတဲ့အခါ ရှည်ရှည်ရော ဂဏန်းတွေ ၊ စာလုံးတွေ ၊ သင်္ကေတ သုံးပြီး ထည့်ခိုင်းတာပါ ။ ဂဏန်းဆို ၁ - ၉ (၁၀လုံး) ၊ စာလုံးဆို a - z (၂၆ လုံး) နဲ့ နောက် သင်္ကေတတွေရောအပါအ၀င် ထည့်လိုက်မယ်ဆိုရင် ရှည်လေ ၊ စစ်ကြည့်ရမှာတွေ များလာလေပါပဲ ။ အဲလို များလာတဲ့ combination တွေကို စစ်ကြည့်ဖို့ အရမ်းမြန်တဲ့ processor တွေ လိုအပ်ပါတယ် ။ အဲဒီအချက်က brute force attack ကနေ အဓိက ကာကွယ်နည်းတမျိုးပါပဲ ။

သမိုင်းမှာ စကားဝှက်တွေကို စသုံးသူတယောက်ကတော့ Julius Caesar ပါပဲ ။ ကိုယ်ပြောချင်တာကို စကားလုံးတလုံးကို ရွှေ့ ပြီး ၊ စကားဝှက်လုပ်တဲ့ (monoalphabetic cipher) နည်းကို Caesar က Gallic wars မှာ စသုံးခဲ့တဲ့အတွက် Caesar Cipher လို့အမည်တွင်ခဲ့ပါတယ် ။ အဲဒီ လျှို့ ဝှက်နည်းရဲ့ ဥပမာကတော့ - -
Message: N O W I S T H E T I M E
Code: Q R Z L V W K H W L P H
Key: shift the alphabets by one position and replace it in the message to get the code


နောက် စကားဝှက်နည်း တမျိုးကတော့ အောက်မှာ ဖော်ပြထားတဲ့ polybius square လို့အမည်ရတဲ့ 5x5 square array ကို သုံးတာပါပဲ ။
polybius%20square.JPG

အဲဒီနည်းကို သုံးပြီးလုပ်မယ်ဆိုရင် အောက်ပါအတိုင်း မက်စေ့ခ်ျ ကို လျှို့ ဝှက်လို့ ရပါတယ် - -
Message: N O W I S T H E T I M E
Code: 33 43 25 42 34 44 32 51 44 42 23 51
Key: Find the corresponding column&row number for each alphabet and replace.

နောက် စကားဝှက်နည်းတမျိုးကတော့ Trithemius Progressive Key ဆိုတဲ့နည်းပါပဲ ။ အဲဒီနည်းမှာ a - z အထိရှိတဲ့ စကားလုံးတွေကို တလုံးချင်းဆီ ညာဘက်ကို ရွေ့ ပြီး ၊ z ပြီးတဲ့အခါ ကျန်တဲ့နေရာကို a ကနေ ပြန်စပါတယ် ။
IMG_0002%7E1.jpg

အဲဒီနည်းကိုသုံးတဲ့ဥပမာကတော့ - -

Key: T Y P E T Y P E T Y P E
Message: N O W I S T H E T I M E
Code: G M L M L R W I M G B I

ဒီနည်းမှာတော့ Key က အပေါ်ကပုံထဲက ဇယားထဲက ဘယ် row ကို ကြည့်ရမလဲဆိုတာ ရည်ညွှန်းပါတယ် ။ ခု ဥပမာမှာ ပထမဆုံးအလုံးက T ဖြစ်နေလို့ row 19 ကို ရည်ညွှန်းပါတယ် ။ နောက် မက်စေ့ခ်ျက N ဖြစ်တဲ့အတွက် plaintext ဆိုတဲ့နေရာမှာ N စကားလုံးကိုရှိပြီး ၊ အဲဒီ ကော်လံ နဲ့ ခုန ရိုး ၁၉ တို့ ဆုံတဲ့နေရာက စကားလုံးကို ကုဒ် အဖြစ်ယူလိုက်ပါတယ် ။

အပေါ်မှာ ဖော်ပြထားတဲ့ cipher (စကားဝှက်နည်း) သုံးခုကတော့ cryptology မှာ မူလအဆင့်ဖြစ်တာတွေပါပဲ ။ နောက်ဆုံးအနေနဲ့ ကျွန်မစဉ်းစားမိတဲ့ စကားဝှက်ကို ကြိုးစားကြည့်ကြပါဦးလား ။ အင်္ဂလိပ်လို ဘာကိုဆိုလိုတာပါလဲ ။ သိပ်လွယ်လွန်းသွားရင်တော့ နောက်ထပ် စဉ်းစားထားတာ ရှိပါသေးတယ်း) ။

Code: K H U R L
Key: Using monoalphabetic cipher. Number of alphabetic shifts = a prime number




References:
[1] Digital Communications: Fundamentals And Applications (Bernard Sklar) - All cipher examples were taken from there.
[2] http://en.wikipedia.org/wiki/Dan_Brown
[3] http://www.biblio.com/authors/558/Dan_Brown_Biography.html

ဆက်ဖတ်ရန်...

Monday, June 30, 2008

RS 232 And RS 485

RS 232 အကြောင်းကိုတော့ ကျွန်တော် တော်တော်များများ ပြောပြီးသားပါ။ RS 485 ကလည်း 232 လိုပဲ Tx, Rx သုံးပါတယ်။ ဒါပေမယ့် သူ့မှာ Tx နဲ့ Rx ကို ချိတ်ထားတဲ့နောက် cross wire တစ်ခုပါပါတယ်။ RS 485 မှာ Master နဲ့ Slaves ဆိုပြီးရှိပါတယ်။ RS 232 ကတော့ peer-to-peer communication ပါပဲ။ 1 Master နဲ့ 1 Slave ပဲရပါတယ်။ အောက်မှာ ပုံနဲ့ပြထားပါတယ်။ Slave ၃၀ ကျော်အထိ ချိတ်လို့ရတယ်လို့ ပြောပါတယ်။ သူက Bus Topology နဲ့သွားပါတယ်။ တကယ်တော့ slave ကနေ Handshaking မလာပဲနဲ့ Master ကနေ control signal တစ်ခုကိုပဲ ပေးတာပါ။ Handshaking လာချင်ရင်တော့ slave devices တွေမှာprogram သပ်သပ်ရေးပေးရပါတယ်။ Machine တွေက slaves တွေဖြစ်ပြီး CPU က master ဖြစ်မှာပါ။ slave to slave တော့ communicate လုပ်လို့မရနိုင်ပါဘူး။



ဆက်ဖတ်ရန်...

Tuesday, February 19, 2008

Efficient Cookstove Saves Refugee Lives in Sudan's Darfur Region

An estimated 2.2 million refugees huddle in makeshift camps in the Darfur region of western Sudan. In the camps, they are safe, but they cook their meals over inefficient wood fires, and as already scant forests are depleted they must venture ever farther to gather fuel—up to 9 miles in some cases. Away from camp, the men risk being killed and the women raped or mutilated by the Janjaweed militia.

When a program officer from the U.S. Agency for International Development asked Ashok Gadgil, a senior scientist at the Lawrence Berkeley National Laboratory in Berkeley, Calif., to help solve the problem, Gadgil recruited LBNL colleague Christina Galitsky, an environmental energy researcher. Together they traveled to Darfur to meet the refugees and learn about their cooking needs. Back at LBNL, they and a team of students developed a high-efficiency cookstove made of in-expensive sheetmetal. There’s nothing high-tech about it—a few pieces of bent metal and a cast-iron grate improve combustion and energy transfer—but it uses 55 to 75 percent less wood than a cooking fire, slashing the time refugees need to spend in heightened danger. The stoves fit local cookware, and shield flames from the region’s strong winds. Each stove costs about $15 and should last about five years. “We have not invented something altogether new,” Gadgil says, “but we have tuned the technology to work with the refugees.”

Click on this link to view the video of the invention.

ဆက်ဖတ်ရန်...

Generator ခေါ်လျှပ်စစ်ဓါတ်အားထုတ်စက်

ရေးသားသူ - ဇော်အောင် (ဖိုးဇော်)

မိတ်ဆွေတို့ရေ သံလိုက်တွေက သူ့အပေါ်စိတ်ဝင်စားမိတဲ့ဇော်ကို အမြဲလိုလိုညှို့ငင်နေပြီး (Generator) ဂျင်နရေတာ လို့ခေါ်တဲ့လျှပ်စစ်ဓါတ်အားထုတ်စက် တွေဆီ အရောက်ခေါ်သွားတာခဲ့သေးတာဗျ။

အစက ဘာမသိမထားပေမယ့် တွေ့ပါမြင်ပါများလာတော့ နည်းနည်းချင်း ပိုသိသိလာလေးတွေပြောပြရဦးမယ်။

ပထမဆုံးကြားဖူးတာက (Dynamo) ဒိုင်နမိုတဲ့ စက်ဘီးတွေမှာ တပ်ဆင်ပြီးလျှပ်စစ်ဓါတ်အားရယူကြတဲ့စက်ကလေးတွေပေါ့။
အဖေ့မှာ ရာလေး စက်ဘီးကြီးရှိပေမယ့် ဒိုင်နမိုမပါလို့ မီးမထွန်းနိုင်ဘူး၊ သူများစက်ဘီးမှာ ဒိုင်နမိုတပ်ထားတာကိုသွားသွားကြည့်ရတယ်။

ပိုင်ရှင်လစ်တုန်း ဒိုင်နမိုရဲ့ခေါင်းပိုင်းလေးကို လက်နှင့်လှည့်ကြည့်ခဲ့သေးတယ်။ ကိုယ်က တစ်စိတ်စာလောက်လှည့်ပြီး လက်လွှတ်ကြည့်လိုက်တိုင်း ခေါင်းကထားတဲ့နေရာရပ်မနေပဲ သူ့အလိုလို နည်းနည်းခုန်ရွှေ့သွားပြီးမှ ရပ်ရပ်သွားတာတွေ့ရတယ်။

အထဲမှာ အမြဲတမ်းသံလိုက်ရှိနေလို့ဒီလိုဖြစ်ရပုံကို (လက်တွေ့ပစ္စည်းမရှိမီကတည်းက ဗဟုသုတရနိုင်သမျှနေရာတွေက စပ်စပ်စုစုလုပ်ထားသူမို့) ဇော် ကြိုသိထားတယ်လေ။

နောက်ပြီးတော့ လျှပ်စစ်ဓါတ်အားကို စွမ်းအင်အသီးသီးမှအသွင်ပြောင်းကာရယူနိုင်ဖို့ နည်းလမ်းခွဲတွေအမျိုးမျိုးနဲ့ ထုတ်ယူရနိုင်တာတွေလည်း ကြိုသိထားတယ်။

အဲဒီအထဲမှာ ယန္တယားနည်းစဉ်လို့ခေါ်တဲ့ စက်မှုစွမ်းအင်ကိုသုံးပြီး သံလိုက်ဓါတ်အားမှ လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့နည်းကို တော်တော်လေးစိတ်ဝင်စားမိတယ်ပေါ့ဗျာ။

ဇော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာရှင်းပြထားတာက

ယန္တယားနည်းစဉ်ဖြင့် လျှပ်စစ်ဓါတ်အားဖြစ်ထွန်းရရှိရန် အရေးပါသောအချက်ကြီး ၃ချက် ပြည့်စုံရန်လိုပြီး
လျှပ်စစ်ဓါတ်အားထုတ်စက်တို့ တွင် အခြေခံအစိတ်အပိုင်းကြီး ၅ခုပါဝင်လေ့ရှိတယ်တဲ့။

အရေးပါသောအချက်ကြီး ၃ချက်ကတော့

၁) သံလိုက်နယ်မြေ (Magnetic field)
၂) လျှပ်ကူးနန်းကြိုးခွေ (Conductor)
၃) လှုပ်ရှားမှုအား (Motion) တို့ဖြစ်ပြီး

လျှပ်စစ်ဓါတ်အားထုတ်စက်များရှိ အခြေခံအစိတ်အပိုင်းကြီးများကတော့
(လည်ပတ်သောအပိုင်းမှ လျှပ်စစ်ထုတ်ပေးသော ပုံစံတွင်ဖြစ်ပါသည်)

၁) ကိုယ်ထည်ပိုင်း (Yoke)
၂) သံလိုက်နယ်မြေဖန်တီးပေးရာအပိုင်း (Magnetic pole shoes)
၃) လျှပ်စစ်ဓါတ်အား ညှို့ဝင်ဖြစ်ပေါ်ရာအပိုင်း (Armature)
၎) လျှပ်စစ်ဓါတ်အားပြောင်းလည်းပေးပို့ သောအပိုင်း (commutator)
၅) ရှေ့နောက် ထိပ်ပိတ်များ(End covers)

ဟူ၍ဖြစ်ပါသည်တဲ့။

အဲဒီစာအုပ်မှာပဲ အခြေခံကျသော ဒီစီလျှပ်စစ်ဓါတ်အားထုတ်စက် တို့၏ (Armature coil နှင့် Field coil) ဆက်သွယ်ပုံ အမျိုးအစားကွဲများ

1) Series generator
2) Shunt generator
3) Compound generator
a) Short-shunt
b) Long-shunt စတဲ့ အခြေခံသဘောများ ကိုသေချာရှင်းပြပြီးမှ

အေစီလျှပ်စစ်ဓါတ်အား ထုတ်စက်အကြောင်း၊ သံလိုက်ဓါတ်အားအတွက် သံလိုက်ပြုခွေ (Magnetic field coil) သို့ DC လျှပ်စီးကြောင်း ပေးသွင်းပုံနည်းများကို

၁) ပြင်ပမှသီးခြားပေးသွင်းနည်း (Separated-field excitation method)
၂) ကိုယ်တိုင်ဓါတ်အားပေးသွင်းနည်း (Self-excitation method)
စသည်ဖြင့် (Excitation ပေးသွင်းပုံ/ထိန်းချုပ်ပုံ) အမျိုးမျိုးနှင့်တကွ ဆက်ရှင်းပြပါတယ်။


ပြီးတော့မှ (Alternator/ Generator) ခေါ်အကြီးစား ဓါတ်အားထုတ်စက်ကြီးများအကြောင်း ဆက်လက်ရှင်းပြထားတာတွေ့ရပါတယ်။

လျှပ်ထုတ်စက်များတွင် လည်ပတ်သောအပိုင်းမှ လျှပ်စစ်ဓါတ်ထုတ်ယူသောအမျိုးအစား (revolution armature type) နှင့် တည်ငြိမ်သောအပိုင်းမှ လျှပ်စစ်ဓါတ်အားထုတ်ယူသောအမျိုးအစား (revolution field type) ဟု အဓိကခွဲခြားလေ့လာနိုင်ကြောင်းလည်း စာတွေ့ဖြင့်ပဲသိခဲ့ရပါတယ်။

ထုတ်လုပ်မှုပမာဏ (Capacity) ၂၅၀ ကီလိုဝပ် အထက်စက်ကြီးများကို (revolution field type) နည်းလမ်းဖြင့်သာ တည်ဆောက်လေ့ရှိကြပြီး
(revolution field type) စက်တို့တွင် Commutator slip ring type နှင့် Brush less type တို့ ကွာခြားတည်ရှိနိုင်ပုံတို့ကို လည်းထပ်မံ ရှင်းပါသေးတယ်။

နည်းလမ်းကွဲအားလုံးအတွက် အထွက်လျှပ်စစ်ဗို့အား ချိန်ညှိထိန်းချုပ်နိုင်ရန်ကိုလည်း အခြေခံသဘော သိရှိစေပါတယ်။

စာထဲမှာတွေ့ဖူးတာတွေကို စာချည်းသက်သက်ပဲရယ်လို့ စိတ်မပျက်နိုင်အားပဲ အားလုံးနားမလည်နိုင်သည့်တိုင် စိတ်ပါဝင်စားစွာ လေ့လာကြည့်ဖူးတာကြောင့်
စာသင်ခန်းများအတွင်းမှ လက်တွေ့ပစ္စည်းကရိယာများနှင့်ထိတွေ့ခွင့်ရလာချိန်မှာ အလွန်ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်စေတာကို ကိုယ်တွေ့တင်ပြလိုက်ပါတယ်။

စာသင်ခန်း/အလုပ်ရုံခန်းများမှ ထပ်ဆင့်သိရှိလာရတဲ့ ပညာဗဟုသုတ များကလည်း
နောင်အချိန်မှာ လျှပ်စစ်ဓါတ်အားပေးစက်အမျိုးမျိုးထိန်းသိမ်းကိုင်တွယ်မောင်းနှင်နိုင်ရန်၊ ပြုပြင်ထိန်းသိမ်းမှုပေးရန်တို့အတွက်ပါ လုံလောက်သော အတွေ့အကြုံများရှိစေပါတယ်။

အချက်အလက်များကို အကြမ်းအားဖြင့်ပြည့်စုံအောင်စုပေါင်းဖေါ်ပြရတဲ့အတွက် တစ်ပိုင်းစီ အသေးစိတ် မဖေါ်ပြနိုင်ပဲရှိနေပါတယ်။

အသေးစိတ်သိလိုသည်များရှိလို့ ဆက်သွယ်မေးမြန်းလာခဲ့ပါက ၀ိုင်းဝန်းဆွေးနွေးဖြေကြားကြဦးမှာဖြစ်လို့ ယခုထက်ပိုပြီး စုံလင်တိကျမှန်ကန်စွာ သိနိုင်ကြဦးမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဆက်ဖတ်ရန်...

Monday, December 3, 2007

Nuclear Project

Below shows a series of scientific videos on nuclear system from youtube website. This post is purely for an educational purpose.

Part 1:
a.)atomic fission
b.)atomic fission diagram
c.)neutrons and fission fragments


Part 2:
a.)nuclear chain reaction
1. controlled (nuclear power)
2. uncontrolled (nuclear weapons)


Part 3:
a.) spontaneous fission
b.) littleboy (specifications, parts)


Part 4:
a.)fatman (implosion-type bomb)
---specifications and parts


part 5:
a.nuclear fusion
b. hyrogen bomb (basics and secrets and schematics)


part 6:
a.The trinity test,
b.Formation of mushroom clouds (or timestamp, at least)
c.After effects of a nuclear blast




ဆက်ဖတ်ရန်...

Saturday, November 24, 2007

How solar panels are made

How solar panels are made (Discovery Channel program)

ဆက်ဖတ်ရန်...

Renewable Wind energy videos

Below videos show the inventions and projects using wind energy.

How a homebuilt wind turbine create usable Electrical Power



Vertical wind turbine works better than horizontal ones in turbulent airflow


This is a new type of wind turbine. This disk-like shape can yield winds energy up to 40%, much more than the conventional propeller shape wind turbines.

ဆက်ဖတ်ရန်...

Matlab သုံးနည်း မြန်မာလို ပို့ချချက်များ

ကနောင် ဆိုသူ တင်ပြသော ၊ Matlab သုံးနည်း မြန်မာလို ပို့ချချက်များကို အောက်ပါဗွီဒီယိုများတွင် ကြည့်နိုင်သည် ။

Matlab Introduction



Fast Fourier Transform (FFT) using Matlab



FFT Power Spectrum using Matlab



FFT Mag and Phase with matlab


ဆက်ဖတ်ရန်...

Friday, November 23, 2007

Myanmar National Grid and Rainfall Data

Re-post from here

depgrid.gif

ဆက်ဖတ်ရန်...

Bioeconomy glossary

Re-post from this SOURCE

Biobased economy: "Bioeconomy" and "biobased economy" describe a future in which people rely more on renewable resources to meet society's needs for energy, chemicals and raw materials. Instead of an economy dependent on the planet's limited supply of nonrenewable resources such as petroleum and coal, we will convert biomass -- plant material and municipal and livestock waste -- into electricity, fuels, plastics and the basic components of chemical processes.

Biodiesel: A fuel made from plant oils that can be used in a conventional diesel engine.

Bioenergy: Renewable energy made from organic matter. The organic matter may be used directly as a fuel or processed into liquids or gases.

Biofuel: Fuel made from renewable resources such as cellulose, corn or plant oils. Ethanol, biodiesel and methanol are all biofuels.

Biomass: Renewable organic matter, including wood and other forest products, plants, agricultural crops, human and animal waste, and aquatic plants.

Bioproducts: Products made from renewable resources or processed from renewable resources.

Biorefinery: A factory where biomass is processed into biofuels, biochemicals, biomaterials and other bioproducts. Byproducts are used to power the factory or are turned into other products.



Cellulose: A carbohydrate in plants. Cellulose makes plant stems, stalks and trunks rigid and gives structure to cell walls.

Greenhouse gas: A gas that traps heat from the sun in the Earth's atmosphere and produces greenhouse effects. Carbon dioxide is a major greenhouse gas. Others include nitrous oxide and methane.

Nanotechnology: Technology that works at the atomic or molecular level.

Petrochemicals: Chemicals made from oil, natural gas or other fossilized hydrocarbons.

====================================================================================

Re-post from this SOURCE

Biofuel
A fuel made from biological materials, usually plants. Ethanol and biodiesel are two different types of biofuels. Fossil fuels (which are formed underground) are distinct from biofuels.

Biodiesel
A fuel derived from sources such as vegetable oils that is the equivalent of diesel refined from petroleum; diesel has a higher energy density than gasoline. A variety of oils serve as a source of biodiesel including rapeseed, soybean, and even waste vegetable oil. Other crops that show promise include mustard, flax, sunflower, canola, and even algae.

Carbon neutral

Over its life cycle, a product or process that does not add more carbon dioxide to the atmosphere. For instance, a plant consumes carbon dioxide while it grows, then when transformed into and used as fuel such as ethanol it releases carbon dioxide back into the atmosphere. Plant-derived fuels have the potential to be carbon neutral.

Carbon sequestration
The capture and long-term storage of carbon dioxide before it is emitted into the atmosphere. One example: a system for filtering CO2 out of the emissions of a coal-fired power plant and pumping the CO2 deep underground.

Cellulosic biomass
The fibrous, woody, and generally inedible portions of plants that make up 75 percent or more of all plant material. (See sidebar at right for more details)

Ethanol
Also known as grain alcohol, a liquid produced by fermentation in which yeast metabolizes sugar, producing carbon dioxide and ethanol.

Lignin
A compound that accounts for roughly 25 percent of all plant material that provides rigidity and, together with cellulose, forms the woody cell walls of plants and the glue that binds these cells. Lignin is an excellent fuel and can be burned to provide heat, steam, and electricity.

Net energy
The energy provided by a fuel minus the energy required to produce or obtain it. For instance, the net energy of gasoline is reduced by the energy lost in extracting oil from deep in the earth, refining, and transporting it to consumers. Similarly, the net energy of corn ethanol is reduced by the energy required to make fertilizers; irrigate, grow, harvest and transport crops; and build refineries.

Synthetic biology
The design and construction of new biological entities such as enzymes, genetic circuits, and cells, or the redesign of existing biological systems. The field builds upon advances in molecular, cell, and systems biology and seeks to transform biology in the same way that synthesis transformed chemistry and that integrated circuit design transformed computing.

.................

A primer on 'cellulosic biomass'

Ethanol is the fastest-growing energy source in the world, yet it provides only about three percent of America's transportation fuels. In the United States, corn is the feedstock for almost all of the ethanol produced today, but its growth potential is limited. The big hope to increase ethanol production rests on tapping cellulose, which makes up the vast bulk of all plant materials, and finding better ways to transform it into liquid fuels.

Cellulosic biomass – cellulose and hemicellulose – comprises upward of 75 percent of all plant material. This material can be used as a low-grade fuel that can be burned, but currently it is difficult and costly to turn it into a liquid fuel like ethanol. The potential, however, is tantalizingly near. Cellulose and hemicellulose are polymers of sugar, but they are complex compounds not easily broken down into their simpler component sugars. Several processes are being used with some success now, but researchers are seeking faster, cheaper, more efficient ways to break down cellulosic biomass into sugars. Yeast can then ferment these sugars into ethanol.

What would be the source of cellulosic biomass? Candidates include agricultural plant wastes, plant wastes from industrial processes (sawdust, paper pulp), and crops grown specifically for fuel production, such as switchgrass and poplar trees.

Says Steve Chu, Nobel laureate and director of Lawrence Berkeley National Laboratory, "We should develop rapidly growing, self-fertilizing plants that convert carbon dioxide, sunlight, water and modest amounts of nutrients into biomass, such as cellulose, and more efficient means to convert the biomass and biowaste into usable forms of energy. Nature has found ways to convert cellulose within the stomach of a termite and at the bottom of a swamp. A promising avenue of research is to improve these microorganism communities or develop biology-inspired enzymes that can replace existing, less efficient processes."
-- Jeffery Kahn

ဆက်ဖတ်ရန်...

 

© 2007 IngridGrey By Arephyz